Wednesday, June 6, 2012

Letter Animation လုပ်ခြင်း

letter

ကဲ့ အထက်ပါကဲ့သို့ Letter Animition တစ်ခု လုပ်ကြည်ရအောင်.။။ ပထမ New File တစ်ခု ဖွင့်လိုက်ပါ။

1

အထက်ပါ Box ကဲ့သို့ ထားလိုက်ပါ။

2

အထက်ပါကဲ့သို့ New File တစ်ခု ဖွင့်လာရင်။ Color တစ်ခုခု လောင်လိုက်ပါ။

3

အထက်ပါ ကဲ့သို့ Color တစ်ခုခု လောင်ပြီးသွားရင် Tool Box က Horizontal Type Tool (T) ကို ယူလိုက်ပါ ပြီးတော စာတစ်ခုခုရေးလိုက်ပါ။

4

အထက်ပါကဲ့သို့ စာရေးပြီးသွားရင် အဲဒီ စာ Layer ပေါ်မှာ Right Click ထောက်လိုက်ပါ။ ပေါ်လာသော Box မှာ Rasterize Type ကို Click လိုက်ပါ။

5

အဲဒီ Rasterize Type ကို ဘာလို လုပ်ရတာလဲ ဆိုရင် Eraser Tool နဲ့ အဲဒီ စာကို ဖျက်ရန်အတွက် လုပ်ရခြင်းဖြစ်ပါတယ်။
အဲဒီ Rasterzize Type ကို Click ပြီးသွားရင်။ Tool Box က Custom Shape Tool ကို ယူလိုကပါ။

6

Custom Shape Tool ကို ယူပြီးသွားရင် New Layer တစ်ခု ယူလိုက်ပါ။

7

အထက်ပါကဲ့သို့ New Layer တစ်ယူပြီးသွားရင်။ ပြီးတော Tool Option Bar မှာ Shape Box ထဲက Pen တစ်ခုခု ယူလိုက်ပါ။

8

Pen တစ်ခုခု ယူပြီးသွားရင် အောက်ပါကဲ့သို့ ဆွဲလိုက်ပါ။

9

အထက်ပါကဲ့သို့ shape Tool နဲ့ဆွဲလိုက်ရင် ပြီးတော Ctrl+Enter ခေါက်ပြီးတော Color လောင်လိုက်ပါ။ အထက်ပါ ပုံကဲ့သို့ပေါ့။
ပြီးတော အဲဒီ Pen ကို Ctrl+T နှိပ်လိုက်ပါ။ ပေါ်လာသော Box မှာFlip Horizontal ကို Click လိုက်ပါ။

10

Flip Horizontal ကို Click လိုက်ရင် အောက်ပါကဲ့သို့ ဖြစ်သွားမှာပါ။

11

ပြီးတော အထက်ပါကဲ့သို့ ထားလိုက်ပါ။
ပြီးတော Tool Box က Eraser Tool ကို ယူလိုက်ပါ။
ပြီးတော စာ Layer ကို Click လိုက်ပါ။ ပြီးတော Ctrl+J တစ်ခု နှိပ်လိုက်ပါ။ နှိပ်ပြီးသွားရင် Ctrl+J နဲ့ ယူထားသော Layer အောက်က Layer မျက်စေ့ကို ဖျောက်ထားပြီးတော စာလုံးကို အနည်းငယ်လောက် ဖျက်လိုက်ပါ။ အောက်ပါပုံကိုကြည်လိုက်ပါ။

12

Ctrl+J ပြီးတော Ctrl+J ယူထားသော Layer အောက်က Layer မျက်စေ့ကို ဖျောက်ထားပြီးတော စာလုံးကို အနည်းငယ်လောက်ဖျက်လိုက်ပါ။ အဲဒီလိုမျိုး စာတစ်တန်းလုံးကုန်အောင် ဖျက်လိုက်ပါ။ အောက်ပါ ပုံကိုကြည့်လိုက်ပါ။

13

အထက်ပါကဲ့သို့ စာတွေအားလုံးကို ဖျက်ပြီးသွားရင် Window>Animation ကို ယူလိုက်ပါ။

14

အထက်ပါ Animation Box ကိုတွေ့မြင်ရမှာပါ။ ပြီးတော အထက်ပါ ပုံမှာပြထားတဲ့ Layer Box ကို တွေ့မြင်ရမှာပါ။ အထက်ပါ Layer မျက်စေ့ အားလုံးကို ဖျောက်ထားပြီးတော အောက်ပါ ဆုံးက စာလုံး Layer ဖျက်စေ့ကိုဖော်ထားလိုက်ပါ။ ပြီးတော အောက်ပါ ပုံကဲ့သို့ လုပ်ကြည်ရအောင်ပါ။

15

အထက်ပါ ပုံမှာ ကဲ့သို့ အနီကွက်နဲ့ ပြထားတဲ့ နေရာကို တစ်ချက် Click ပြီးတော အထက်ပါ Layer Box မှာ Selection ပြထားတဲ့ Layer ဖျက်စေ့ကိုပြန်ဖော် အောက်ပါ Layer ဖျက်စေ့ကိုဖျောက်လိုက်ပါ။ ပြီးတော စာပျက်တဲ့ နေရာကို Pen ကိုရွေးလိုက်ပါ။ အဲဒီလိုမျိုး အောက်ပါကဲ့သို့ လိုက်လုပ်လိုက်ပါ။

16

17

အထက်ပါ ပုံကဲ့သို့ စာအားလုံးကို လုပ်ပြီးသွားရင် အောက်ပါပုံကဲ့သို့ Frames အားလုံးကို Select လုပ်လိုက်ပါ။

18

ပြီးတော Frames အားလုံးကို Select လုပ်ပြီးသွားရင် အထက်ပါပေါ်ပြထားတဲ့ ပုံကဲ့သို့ အနီကွက်နဲ့ ပြထားတဲ့ နေရာကို Click လိုက်ရင် Reverse Frames ပေါ်လာမှာပါ အဲဒီ Reverse Frames ကို Click လိုက်ပါ။ ပြီးတော Enter သာခေါက်လိုက်ပါတော.. ဒါဆိုရင် စာလုံးတွေ့သွားနေတာကိုတွေ့မြင်ရမှာပါ။
စာလုံးတွေ မြန်နေရင်.. အောက်ပါ ပုံကဲ့သို့ လိုက်ပါ။

19

Frames အားလုံးကို Select လုပ်ပြီး 0.1 Seconds ထားလိုက်ပါတယ်။ သူငယ်ချင်များ ဆန္ဒရှိသလို ထားနိုင်ပါတယ်။
ကဲ့ပြီးသွားပါပြီး အားလုံးပျော်ရွှင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။


letter

No comments: