Wednesday, June 13, 2012

Bird Fly လုပ်ခြင်း

bird

ကဲ့ အထက်ပါကဲ့သို့ “Bird Fly” ပုံတစ်ခု လုပ်ကြည်ရအောင် ကဲ့ အဲဒါကြောင့် ပထမဆုံး ပုံတစ်ပုံကိုယူလိုက်ပါ မိမိကြိုက်နှစ်သက်ရာ ပုံကိုယူလိုက်ပါ။ ကျွန်တော်ကတော အောက်ပါကဲ့သို့ ပုံကိုယူလိုက်ပါတယ်။

1

အထက်ပါကဲ့သို့ ပုံတစ်ပုံကိုယူပြီးသွားရင် Tool Box က Custom Shape Tool ကို ယူလိုက်ပါ။

2

အထက်ပါပုံကဲ့သို့ Custom Shape Tool ကို ယူပြီးသွားရင် အောက်ပါကဲ့သို့ Custom Shape Tool ကို Click လိုက်ရင် အောက်ပါပုံကဲ့သို့ Shape Box ကို တွေ့မြင်ရမှာပါ။ အဲဒီ Shape Box ကို Click လိုက်ပါ။

3

အထက်ပါကဲ့သို့ Shape Box ကို Click လိုက်ရင် Box ပေါ်လာရင် အဲဒီ ထဲမှာ Bird ပုံကို Click လိုက်ပါ။ ပြီးတောNew Layer တစ်ခု ယူလိုက်ပါ။ ပြီးတော အောက်ပါကဲ့သို့ ဆွဲလိုက်ပါ။

4

အထက်ပါကဲ့သို့ ဆွဲပြီးသွားရင် Selection ကို ဖျက်လိုက်ပါ။ Ctrl+D ကိုနှိပ်လိုက်ပါ။
ပြီးတော Ctrl+J နှိပ်လိုက်ပါ။ ပြီးတော Ctrl+T နှိပ်လိုက်ပါ။ အဲဒါဆိုရင် အောက်ပါ အနီကွက်နဲ့ ပြထားတဲ့ Free Tranform and Ward ကို ဟာပေါ်လာမှာပါ အဲဒါကို တစ်ချက်နှိပ်လိုက်ပါ။

5

အဲဒီနှိပ်လိုက်ရင် အောက်ပါကဲ့သို့ တွေ့မြင်ရမှာပါ။ ပြီးတော ငှက်အတောင်ဖန်ကို အောက်ပါပုံကဲ့သို့ အနည်းငယ်လောက် အောက်သို့ ချလိုက်ပါ။ အောက်ပါပုံကိုကြည်ပါ။

6

အထက်ပါပုံကဲ့သို့ လုပ်ပြီးသွားရင် နောက်တစ်ခေါက် Ctrl+J ပြီးတော Ctrl+T နှိပ်လိုက်ပါ။ အောက်ပါကဲ့သို့ လုပ်ပေးလိုက်ပါ။

7

အထက်ပါကဲ့သို့ လုပ်ပြီးသွားရင် Layer သုံးခုနဲ့ ငှက်ကလေး သုံးကောင်းကိုတွေ့မြင်ရမှာပါ။
ကဲ့ပြီးတော ငှက်ကလေး ပျံသန်ခြင်းအတွက် Window>Animation ကို Click လိုက်ပါ။ ဒါဆိုရင် အောက်ပါ ကဲ့သို့ Animation Box ကိုတွေ့မြင်ရမှာပါ။

8

ကဲ့အထက်ပါကဲ့သို့ Animation Box ပေါ်လာရင်တော ငှက် Layer နှစ်ခု မျစေ့ကို ဖျောက်ထားလိုက်ပါ။

9

အထက်ပါပြထားတဲ့ Layer Box ကိုကြည်လိုက်ပါ။ အထက်ပါ Layer မျက်စေ့နှစ်ခုကို ဖျောက်ထားလိုက်ပါ။ ပြီးတော ငှက်ကို အပြင်သို့ပိုထားလိုက်ပါ။ ပြီးတော အောက်ပါကဲ့သိုပ လုပ်ပေးလိုက်ပါ။

10

အထက်ပါပြထားသကဲ့သို့ ပထမဆုံး အနီကွက်ကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးတော အောက်က ငှက် Layer မျက်စေ့ကို ပြန်ဖျောက်ပြီးတော အထက်က Layer မျက်စေ့ကိုပြန်ဖော်လိုက်ပါ။ ပြီးတော ငှက်ကလေးကို အနည်းငယ်လောက်ရှေ့သို့ ရွှေးပေးလိုက်ပါ။

11

12

13

ကဲ့အထက်ပါကဲ့သို့ ငှက်ကလေးကို အပြင်သို့ရောက်တဲ့ထိ ရွေးပြီးတော အောက်ပါပုံကဲ့သို့ Animation Box မှာ Frames အားလုံးကို Selection ပေးလိုက်ပါ။

14

အထက်ပါပုံကဲ့သို့ Selection ပေးပြီးသွားရင် အောက်ပါပုံကဲ့သို့ Second ကို နှိပ်လိုက်ပါ။

15

အထက်ပါဖော်ပြထားတဲ့ ၀.၅ ကို နှိပ်လိုက်ပါတယ်။ မိမိကြိုက်သလိုမျိုး Second ကို ထားနိုင်ပါတယ်။
ကဲ့ပြီးသွားပါပြီး မိမိကြိုက်နှစ်သက်တဲ့ ပုံတွေ့ကို မိမိစိတ်ကြိုက်ဖန်တိနိုင်ပါတယ်။

bird

သူငယ်ချင်များ အားလုံးထာဝရပျော်ရွှင်နိုင်ပါစေ.........

No comments: