Saturday, April 7, 2012

Pen Tool (P) ကို အသုံးပြုခြင်း

Pen Tool သည် photoshopသမားတစ်ယောက်အတွက် မသုံးမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ Pen Tool သည် Graphic ပုံတွေ ဓါတ်ပုံတွေကို ဖြတ်ထောက်ဖိုရဲ့ အရာတွေကိုလုပ်ဆောင်ပေးတဲ့ Pen Tool ဖြစ်ပါတယ်။

ကဲ့ အဲ့ကြောင့် အောက်ပါပုံတွေကိုပထမကြည့်လိုက်ရအောင် သူကဘာကိုလုပ်ဆောင်တာလဲဆိုတာကိုအရင်ဆုံးပုံကိုကြည့်ပါ။


Photobucket


အထက်ပါပုံကို Pen Tool နဲ့ ဖြစ်ထားတာပါ Pen Tool နဲ့ ကိုယ်လိုသလောပုံကိုဖြတ်ယူပါတယ် အစကနေပြီးအဆုံးကိုရောက်ရင် Ctrl+Enterလုပ်လိုက်ပါ။ Selection တစ်ခုဖြစ်သွားမျာပါ။ ပြီးတောCtrl+Cလုပ်ထားပါ ပြီးတောမှာကိုယ်က Background photo တစ်ပုံယူလိုက်ပါ အဲဒီမှာCtrl+Vလုပ်လိုက်ပါ။ အောက်ပါ ပုံတွေကိုကြည့်လိုက်ပါ။

Photobucket

အထက်ကပုံကတော pen Tool နဲ့ ဖြတ်ပြီးCtrl+Enterခေါက်ထားတဲ့ပုံပါ။ သူကိုCtrl+Cလုပ်ပါ။
ပြီးတော Background ပုံတစ်ပုံကိုယူလိုက်ပါ။ File> Open

Photobucket

ကဲ့ အထက်ပါ Background ပုံတစ်ပုံကိုယူထားပါပြီးအဲဒီ Background ပုံမှာCtrl+Vလုပ်လိုက်ပါ။

Photobucket

ကဲ့ အထက်ပါ ပုံဟာCtrl+Vလုပ်ထားတာပါ။ Ctrl+Cနဲ့ မလုပ်ပဲ Tool Box က Move Tool နဲ့လဲအောက်ပါကဲ့သို့ ဆွဲထည်းလိုရပါတယ် ပုံကိုကြည့်လိုက်ပါ။

Photobucket

အထက်ပါပုံတွေဟာ Pen Tool နဲ့ ဖြတ်ပြီးနောက်ခံ Background ပုံတွေထည်းခြင်းဖြစ်ပါတယ်။ အဲဒါကြောင် Pen Tool ဟာမသုံးမဖြစ် လိုအပ်တဲ့ အရာဖြစ်ပါတယ်။


Tool Box က Pen Tool ကို Click လိုက်ရင် အောက်ပါ Tool Option Bar ကိုတွေ့မြင့်ရမှာပါ။

Photobucket

A: Shape Layer သည် Pen Tool နဲ့ ဖြတ်တဲ့အခါ Shape Layer ကို Click ထားမည်ဆိုရင် Color တွေ လိုက်ပြီးပုံကိုဖြတ်ထောက်ခြင်းဖြစ်ပါတယ် အောက်ပါ ပုံကိုကြည့်လိုက်ပါ။

Photobucket

အဲဒါကြောင် များသားအားဖြင့် Shape Layer ကို Click မထားတာကောင်းပါတယ်။.
B: Path သည် Pen Tool နဲ့ ဖြတ်ထားတဲ့အခါ Color တွေမပါဘဲ Path လမ်းကြောင့်တစ်ခုသာဖြစ်ပါတယ်။ အောက်ပါပုံကို ကြည့်လိုက်ပါ။ Path ကို Click ထားပါ။

Photobucket

အထက်ပါပုံကတောpathလမ်းကြောင့်တစ်ခုပဲဖြစ်ပါတယ် သူနောက်က Color တွေမပါဘူး။
အဲဒါကြောင့် ပုံတစ်ပုံကို ဖြတ်ချင်တဲ့အခါ Path ကို Click ထားကြပါတယ်။
C: Fill Pixel တွေဖြစ်ပါတယ်။
D: Pen Tool ပဲ့
E: Free From Pen Tool သည် Pen Tool နဲ့ ဖြတ်ထားတဲ့ အဆက်တွေကိုမလိုချင်တဲ့အခါ ပြန်ဖြုတ်ဖို့ အသုံးပြုပါသည်။
ကျံတယ်ဟာတွေကတောပြောစရာမလိုပါ။
S: Style: ကတော Shape Layer ကို Click ထားတဲ့အခါ နောက်က Color တွေ့ Style Color တွေနဲ့ ဖြတ်ချင်တဲ့အခါ အသုံးပြုပါသည်။ အဲဒီ Style က Shape Layer ကို Click ထားမှာပေါ်မှာနော် မဟုတ်ဟင် သူကမပေါ်လာပါဘူ။ အောက်ပါပုံကိုကြည့်လိုက်ပါ။

Photobucket

Style အနားကဒေါင်းကို Click လိုက်ရင် အထက်ပါ Style Box ပေါ်လာမှာပါ။ သူထဲက ကြိုက်တဲ့ တခုခုကိုရွေးချယ်ပြီး Pen Tool နဲ့ လုပ်လိုက်ပါ အောက်ပါ ပုံကိုကြည့်လိုက်ပါ။

Photobucket

အဲဒီလိုအထက်ပါအတိုင် Pen Tool နဲ့ ဖြတ်နေတဲ့အခါ Style ပုံစံမျိုးနန့် Pen Tool သွားရာကိုလိုက်ပါလာတတ်သည်။
Style ကိုမလိုချင်ဘူးဆိုရင် Style Box အနားဒေါင်မှာ None Style ကို Click လိုက်ရင် Color ပျောက်သွားမှာပါ။
S: Color ပါ pan Tool ရဲ့ လမ်းကြောင်းမှာ Color တွေနဲ့ လိုချင်တဲ့ဆိုရင် Color တွေများကြီးရှိပါတယ်။ Color ကို Click လိုက်ရင် အောက်ပါ Color Box ကိုတွေမြင့်ရမှာပါ။

Photobucket

အဲဒီ Color Box မှာကိုယ်ကြိုက်တဲ့ Color ကိုရွေးချယ်ပြီးအောက်ပါပုံကိုကြည့်လိုက်ပါ။


Photobucket

အထက်ပါပုံအတိုင် pen Tool နဲ့ ဖြတ်တိုင် Color တွေနဲ့ဖြစ်သွားမှာပါ။



Freeform Pen Tool (P)
Freeform Pen Tool ကတောခံတန်းလိုလဲရေးဆွဲလိုရပါတယ် နောက်ပြီးတော Pen Tool နဲ့ ဆွဲထားသောပွိင်းတွေကို ပြန်ဖြုတ်လိုလဲရပါတယ်။ အောက်ပါပုံတွေကို ကြည့်လိုက်ရအောင်။ Tool Box က Freeform Pen tool ကို Click လိုက်ပါ။ ပထမဆုံးခဲ့တန်းလိုရေးဆွဲလိုရတဲ့ ပုံကိုအောက်ပါ နမူနာကြည့်လိုက်ပါ။

Photobucket

အထက်ပါပုံကတော Freeform Pen Tool နဲ့ ရေးဆွဲထားတဲ့ပုံပါ။ သူနဲ့ဆွဲမည်ဆိုရင် လက်တောတော်တော်ငြိမ်းသက်ဖိုတောလိုတဲ့နော်……..ကျွန်တော်ကလက်ကောင်ငြိမ်းဘူးဗျ။ အထက်ပါကဲ့သို့ ကိုယ်ကြံဆသလိုမျိုးရေးဆွဲလိုရပါတယ်။

Pen Tool နဲ့ ရေးဆွဲထားသောပုံတွေကို freeform Pen Tool နဲ့ ဘယ်လိုသုံးမှာလဲဆိုတာကိုအောက်ပါ ကြည့်လိုက်ပါ။ ပထမဆုံး Tool Box က Pen Tool နဲ့ တစ်ခုခုဆွဲလိုက်ပါ။


Photobucket

ပထမအနီရောင်းလေးနဲ့ ဝိုင်ထားတဲ့ပုံကတော Pen Tool နဲ့ ဆွဲထားတဲ့ပုံပါ။ သူမှာအဝိုင် ဝိုင်းထားတဲ့ အထဲမှာပွိုင်းလေးတွေရှိပါတယ်။ အဲဒီပွိုင်းလေးတွေကိုမလိုချင်ဘူးဆိုရင် Freeform Pen Tool နဲ့ အဲဒီပွိုင်းလေးကို Click လိုက်ရင် ပွိုင်းတွေကပျောက်သွားပါတယ်။ ဒုတိယပုံကတော Freeform Pen Tool နဲ့ ပွိုင်းတံတွေကိုပျက်ထားတာပါ။ အဲဒီလို Freeform Pen Tool နဲ့ သုံးလိုရပါတယ်။

Freeform Pen Tool နဲ့ ဆွဲလိုက်တဲ့အခါ Color တွေနဲ့ ဖြစ်ချင်တဲ့ဆိုရင် Tool Option Bar ပေါ်က Shape Layers ကို Click ထားရင် Freeform Pen Tool သွားရာကို Color တွေနဲ့ ဖြစ်သွားမှာပါ။ အောက်ပါပုံများကိုကြည့်လိုက်ပါ။

Photobucket

ပမထ Shape Layers ကို Click ထားပါတယ် Color က အနီရောင်းပါ။ အောက်ပါကြည့်ရအောင်လား။


Photobucket

ပထမပုံကတော Color နဲ့ ဆွဲထားတဲ့ပုံပါ။ ဒုတိယပုံကတော Style နဲ့ ရေးဆွဲထားတဲ့ပုံပါ။
နောက်တနည်းကတော Polygon Lasso Tool ကဲ့သို့ အသုံးပြုလိုရပါသေတယ်။ Freeform Pen Tool ကိုယူပါ ပြီးတော Art Key ကိုဖိထားပြိးဆွဲရင်လဲရပါတယ် ဆွဲပြီးရင်တောCtrl+Enterခေါက်ရမည်နော် အောက်ပါပုံကိုကြည့်လိုက်ပါ။

Photobucket

အထက်ပါပုံကဲ့သို့ ဆွဲလိုရပါတယ်။ နောက် Color မပါဘဲဆွဲသွားတဲ့အခါ ပြီးရင် Ctrl+Enterခေါက်ပြီး Selection ဧရိယာထဲမှာ Color ထည်ချင်တဲ့ဆိုရင် New Layer ယူပါ။ ပြီးတောCtrl+Backspaceနဲ့ Color ဖြည့်ရမည်နော်………….
ဒီလောက်ဆိုရင် Freeform Pen Tool ကိုနားလည်းလိမ့်မည်လိုမျော်လင်ပါတယ်။

Add archor Point Tool သည် Pen tool နဲ့ ဆွဲထားသော Point တွေကိုထပ်မံတိုးချေခြင်းဖြစ်ပါတယ်။
အောက်ပါပုံကိုလည့်လာကြည်ရအောင် ဘယ်လိုမျိုးသုံးလေးဆိုတာကိုပေါ့

Photobucket

ပထမပုံမှာကတော 7 Point ရှိပါတယ် သူကတော Pen Tool နဲ့ ဆွဲထားတဲ့ Path လမ်းကြောင်းပါ။ အဲဒီလို Pen Tool နဲ့ ဆွဲထားတဲ့ Point တွေကိုထပ်မံတိုးချေးချင်တဲ့ဆိုရင် Add anchor Point Tool နဲ့ တိုးချေးရပါတယ်။
ဒုတိယပုံကတော Pen Tool နဲ့ ဆွဲထားတဲ့ ပုံကို Add anchor Point Tool နဲ့ Point တွေကိုတိုးချေးထားတာပါ။
အထက်ပါပုံကဲ့သို့ Add anchor Point Tool နဲ့ ထပ်မံတိုးချေးနိုင်ပါတယ်။
နောက်ထပ် Path တွေကိုရွှေ့ချင်တယ်ဆိုရင် Ctrl Key နှင့် ပြောင်ရွေ့လိုရပါတယ်။ Ctrl ကိုဖိထားပြိး Path တွေကိုပြောင်ရွေ့နိုင်ပါတယ်။ နောက်ပြီးတော Path တွေကိုအကြီးအငယ်လုပ်ချင်တဲ့ဆိုရင် Path လမ်းကြောင်းကိုတစ်ချက်နှိပ်ပြီး ။ Ctrl Key ကိုဖိထားပြိး ကြီးငယ်လိုရပါတယ်။ Path ကို Copy ကူချင်တဲ့ဆိုရင် Alt key ကိုဖိထားပြီး Copy ကူယူလိုရပါတယ်။ အောက်ပါပုံတွေကိုကြည်လိုက်ပါ။


Photobucket

အထက်ပါပုံကတော Ctrl key ကိုဖိထားပြိးပြောင်ရွေ့ထားတာပါ။ အောက်ပါပုံကတောအကြီးလုပ်ထားတာပါ။

Photobucket

အထက်ပါပုံကတော Copy ယူထားတာပါ Alt Key ကိုဖိပြီးယူထားတာပါ။

Delete Anchor Point Tool ကတော Point တွေကို Delete လုပ်တာပါ။ အောက်ပါပုံနှစ်ပုံကိုကြည့်လိုက်ပါ။


Photobucket

ထပ်ပုံကတောမူလပုံပါ………………ဒုတိယပုံကတော Delete Anchor Point Tool နဲ့ ဖျက်ထားတာပါ။
အဲဒီ Point တွေကို Delete Anchor Point Tool နဲ့ ထောက်လိုက်ရင် Point တွေကပျောက်သွားမှာပါ။


Convert Point Tool ကတော Path လမ်းကြောင်းတွေ့ကို ပြုပြင်ပြောင်လွှဲနိုင်ပါတယ်။ အောက်ပါပုံကိုနမူနာကြည့်လိုက်ပါ။

Photobucket

အထက်ပါပုံနှစ်ပုံဟာပထမပုံကတော Pen Tool လုပ်ဆွဲထားတာပါ။ ဒုတိယပုံကတော Pen Tool နဲ့ ဆွဲထားသော Path လမ်းကြောင်းတွေကိုအကြီးအငယ် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
ဒါမှာမဟုတ်ရင် Convert Point Tool နဲ့ Direction Point ကို Draw ဆွဲပြီးတော့လည်း Direction Line ရဲ့လားရာကိုပြောင်းလည်းနိုင်ပါတယ်။


Photobucket

1 comment:

soekohtet said...

ကကောင်း ကောင်းပါရေဂိုးသျှေ..